Main menu

ပဲစင်းငုံစျေးနှုန်းစျေးကွက်

Powered by Drupal

          မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံသီးနှံစိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက်နှုန်း (၉.၃၃)တင်းနှင့် အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၃၆၀၀၀ ကျပ်၊ ပဲစင်းငုံ(ဖြူ)၂၂၀၀၀၀ကျပ်နှင့် ၂၂၅၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ပဲစင်းငုံ(နီ) ၃၉၃၃ ကျပ်၊ ပဲစင်းငုံ(ဖြူ) ၃၆၆၇ကျပ်နှင့်၃၇၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၄၆၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ်စျေးနှင့် ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံ (နီ) သီးနှံပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)