Main menu

ကွမ်းရွက်ဈေးနှုန်း အနည်းငယ်ကျဆင်းလာ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၌ ကွမ်းရွက်ပင်ကို မြို့တိုင်းနီးပါး စိုက်ပျိုးကြပြီး ဟင်္သာတခရိုင်တွင် (၁၇၈၀)ဧက စိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ဟင်္သာတခရိုင်အနေဖြင့် လယ်ယာစိုက်ပျိုးရေး လုပ် ငန်းများကိုသာ အဓိကစိုက်ပျိုးကြပြီး၊ ဥယျာဉ်ခြံမြေလုပ်ငန်းများကိုလည်း မိသားစုဝင်ငွေရရှိသည့် အတွက် တစ်နိုင်တစ်ပိုင်   စိုက်ပျိုးကြပါသည်။ ဒေသတွင်း ကွမ်းစားသုံးမှု မြင့်တက်လျက်ရှိခြင်းကြောင့် တောင်သူများသည် မိမိတို့ ဥယျာဉ်ခြံမြေများတွင် ကွမ်းရွက်ကို အလေးထား စိုက်ပျိုးလျက်ရှိပါသည်။  ၂၀၂၅ ခုနှစ် ကွမ်းရွက်စခူးချိန် ဝါခေါင်လဆန်းတွင် ကွမ်းရွက်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် ဈေးဖြင့် ရောင်းချရပြီး တော်သလင်း နှောင်းပိုင်းကာလတွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း သိရှိရ ပါသည်။ ကွမ်းရွက်ကို ဒေသတွင်းစားသုံးမှုအပြင် ရန်ကုန်သီရီမင်္ဂလာဈေးရှိ ကွမ်းဒိုင်များသို့ နေ့ချင်း အရောက်တင်ပို့၍ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)