
ဩဇာသီးသည် တစ်နှစ်ပတ်လုံးသီးသော်လည်း မိုးရာသီအကုန် စက်တင်ဘာလမှစပေါ်ပြီး ဆောင်းရာသီ အစဖြစ်သော အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း အများဆုံးထွက်ရှိပါသည်။ ဟင်္သာတခရိုင်တွင်း ဩဇာသီး စိုက်ပျိုးမှု နည်းပါးလျက်ရှိပြီး မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ အိမ်ခြံဝန်း အတွင်း စိုက်ပျိုးခြင်းနှင့် ခြံကာစိုက်ပျိုးခြင်းဖြင့်သာ စိုက်ပျိုးလျက်ရှိပါသည်။ ဒေသတွင်း ထွက်ရှိသော ဩဇာသီးများအပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းစသော မြို့ကြီးများ၊ ပြည်မြို့များမှ တစ်ဆင့် မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ စက်တင်ဘာလ (တတိယအပတ်)တွင် ရောင်းချလျက် ရှိသော ဩဇာသီးဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင်(၁၀၀၀ ကျပ်မှ ၁၂၀၀)ကျပ်အထိ၊ ဩဇာသီးအလတ် တစ်လုံးလျှင် ၇၀၀ ကျပ်နှုန်း၊ အလုံးသေးတစ်လုံးလျှင် ၅၀၀ ကျပ်ဖြင့် ပေါ်ဦးပေါ်စ ရာသီစာသီးနှံအဖြစ် သီးနှံအရောင်းဆိုင်များတွင် ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)