
ပန်းကလေးတွေက လူတွေရဲစိတ်ကိုပျော်ရွှင်စေသည်၊ ကြည်လင်စေသည်၊ စိတ်ခွန်အားကိုတွေပေးသည်။ ပျော်ရွှင်ခြင်း၊ ကြည်လင်းခြင်း၊ စိတ်ခွန်အားတွေကိုပေးသော ပန်းကလေးများကို လူတိုင်းချစ်မြတ်နိုးကြသည်။ စွယ်တော်ပန်းကလေးများသည် ပန်းရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ပွင့်လန်းကြသည်။ ရနံ့သင်းသင်လေးနှင့် အစုလိုက်အခိုင်လိုက် ပွင့်သောပန်းပင်ဖြစ်သည်။ စွယ်တော်ပင်သည် ပန်းပွင့်သောအရိပ်ရပင်ဖြစ်၍ စိုက်ပျိုးမှုများပြားသည်။ စွယ်တော်ပန်းကလေး၏ အဓိပ္ပာယ်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုပါသည်။ စွယ်တော်ပန်းပွင့်ကလေးများကို မြင်ရသူတိုင်း ရင်သတ်ရှုမောငေးကြည့်မိကြမည်ထင်ပါသည်။ အဖြူရောင်စွယ်တော်ပင်၏ အရွက်နုနုကလေးများကို ခူးယူ၍သုတ်စားဟင်းချိုချက်စား၍ ရပါသည်။ နှလုံးအားကောင်းပြီး ခန္ဓာကိုယ်အပူအပုတ်ကိုကြေစေကြောင်း သိရှိရသည်။အပူဒဏ် အအေးဒဏ်ခံနိုင်ရည်ရှိပြီး နေရာဒေသမရွှေးစိုက်ပျိုးရှင်သန်ဖြစ်ထွန်းပါသည်။ လမ်းဘေးဝဲယာ၊ ဘုရားကျောင်းကန်၊ အိမ်ခြံဝင်များတွင် အလှစိုက်ပျိုးမှုများပြားပြီး ရောင်းအားကောင်းသော ပန်းပျိုးပင်ဖြစ်သည်။ ပန်းပျိုးပင် တစ်ပင်လျှင် (၃၀၀၀-၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်ဈေးကွက်မှ သိရှိရပါသည်။
DOCA(မန္တလေး)