
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် စက်တင်ဘာ လ ၁၉ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ နတ်မော်လမ်း၊ တာကလေးရပ်ကွက်ရှိ “Ocean Wave Service Center” သို့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့် ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေးပြည့်မီသော အင်တာ နက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ရန်၊သတင်းအချက် အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေး နိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင်စားသုံးသူအပေါ် အရည်အသွေးပြည့်မီသောကွန်ယက် ချိတ်ဆက်မှုများ ဆောင်ရွက် ထား လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိကြောင်း၊ တာဝန်ခံလုပ်ငန်းရှင် ဒေါ်အိအိနှင်း နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာ ပေး ဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)