Main menu

ဇလွန်မြို့နယ် “ငွေပန်းချီ” မရွေးလုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၆.၉.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ဇလွန်မြို့၊ စက်ကြီးရှေ့လမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ငွေပန်းချီ” မရွေးလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ပြုလုပ် နေသော မရွေးများအား စားသုံးရန် (သို့) အသုံးပြုရန်သင့်/မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ် ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်း စနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန် စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းမှု တို့ကို အလေးထားဆောင်ရွက်စေလို ကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်ဟု သတင်း ရရှိပါသည်။

DOCA (ဧရာဝတီ)