
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို စက်တင်ဘာလ ၁၂ရက်နံနက် ၁၀:၀၀နာရီက အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း ထာဝရခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အထက(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းသန်းက အမှာစကားပြော ကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က လူငယ်စကား ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား၊ကျောင်းသူ ငါးဦးတို့က လူငယ်နှင့်ဇာတိမာန်၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အနုပညာ ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောကျောင်းသား၊ကျောင်း သူများ၏မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးပြီး သုတရသစာအုပ်စာစောင်များ၊ အသိပညာ ပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)