
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရတနာသိန်း အရောင်းဆိုင်များမှ စားအုန်းဆီတစ်ပိဿာ (၇၄၀၀) ကျပ်၊ လူတစ်ဦးလျှင် (၅၀) ကျပ်သား နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီများကို အလေးချိန် ပြည့်မှီစွာ ရောင်းချပေးရန်၊ မိမိရရှိသော ခွဲတမ်းရရှိသည့်အတိုင်း အားလုံးရောင်းချပေးရန်၊ အသိပေးပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချ ခြင်းများ ၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း နှင့်စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)