
စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံမြို့နယ်၊ မြစ်သားမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့နယ်တို့မှထွက်ရှိသည့် စားဖိုဆောင်သီးနှံ ကြက်သွန်နီများဝင်ရောက်လျက်ရှိပြီး၊ ကြက်သွန်နီပေါက်စျေးမှာ စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာ လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ကြက်သွန်နီအမျိုးအစားအလိုက် တစ်ပိဿာပေါက်စျေး များမှာ မြစ်သားကြက်သွန်နီ(လတ်) လက္ကားစျေး ၁၃၀၀ ကျပ်နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့်၁၆၀၀ ကျပ်၊မြင်းခြံကြက်သွန်နီ(လတ်) လက္ကားစျေးမှာ ၁၂၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊လက်လီ စျေး ၁၄၀၀ ကျပ်နှင့် ၁၅၀၀ ကျပ်၊မုံရွာကြက်သွန်နီ(လတ်)လက္ကားစျေး ၁၃၀၀ကျပ် နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့် လက်လီစျေးမှာ ၁၅၀၀ ကျပ်နှင့် ၁၆၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ပြီး၊ ယခင်သြဂုတ်လပေါက်စျေးနှင့်နှိုင်းယှဉ်ပါက စျေးငြိမ်လျက်ရှိကြောင်း သီရိမာလာစျေးရှိ ပွဲရုံပိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)