Main menu

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်း(ဒုဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၂-၉-၂၀၂၂)ရက် နေ့လည်(၂:၀၀)နာရီအချိန်တွင် တောင်ကုတ်မြို့ ဂူတာရပ်ကွက်ရှိ မူလတန်းတွဲဖက် အ.ထ.က(၄)စာသင်ကျောင်း၌ ကျောင်းသား/သူများအား ကျန်မာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးတာဝန်ခံ ဒေါ်စမ်းစမ်းအေးက မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါအကြောင်း ရှင်းလင်း ပြောကြားပြီး တောင်ကုတ်မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်းက စားသုံးသူကာကွယ်‌ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း အစားအသောက်နှင့်ကုန်စည်များကို ဘေးအန္တရာယ်ကင်းစွာ ရွေးချယ်ဝယ်ယူတက်စေရန် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အချက်အလက်များကို ရှင်းလင်းစွာ ဟောပြောပြီး ဟောပြောပွဲသို့ ဆရာ/မနှင့် ကျောင်းသား/သူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)