
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ၊ နံနက် ၈း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမုန့်စျေးတန်း အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေး ကျောင်းမုန့်စျေးတန်းအတွင်းရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိူးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များမပါရှိသော တရား မဝင်ကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)