
တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေး၊ မြို့မဈေးနှင့် ဘုရင့်နောင်ဈေးရှိ ကုန်စုံဆိုင်များနှင့် ပွဲရုံများတွင် ကြက်သွန်ဖြူ အသေး၊ အလတ်၊ အကြီးမျိုးစုံဆိုဒ်များ ဝင်လာပြီး အရွယ်အမျိုးအစားအလိုက် ဈေးနှုန်းများ ကွာခြားသွားပါသည်။ ကြက်သွန်ဖြူမှာ ယခင်ဩဂုတ်လက အသေး (၁) ပိဿာလျှင် ၃၅၀၀ ကျပ်၊ အလတ် (၁) ပိဿာလျှင် ၄၅၀၀ ကျပ်၊ အကြီး (၁) ပိဿာလျှင် ၆၅၀၀ ကျပ် အသီးသီးဈေးနှုန်းရှိသော်လည်း ယခုစက်တင်ဘာလတွင် အသေး(၁) ပိဿာလျှင် ၄၀၀၀ ကျပ်၊ အလတ်(၁) ပိဿာလျှင် ၅၀၀၀ ကျပ်၊ အကြီး (၁) ပိဿာလျှင် ၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ကြက်သွန်နီမှာ ယခင်လက အသေး(၁) ပိဿာလျှင် ၁၀၀၀ ကျပ်၊ အလတ်(၁) ပိဿာလျှင် ၁၃၀၀ ကျပ်၊ အကြီး (၁) ပိဿာလျှင် ၁၅၀၀ ကျပ် ဈေးရှိသော်လည်း ယခုလတွင် အသေး(၁) ပိဿာလျှင် ၁၃၀၀ ကျပ်၊ အလတ်(၁) ပိဿာလျှင် ၁၅၀၀ ကျပ် ၊ အကြီး(၁) ပိဿာလျှင် ၁၈၀၀ ကျပ်အထိ ဈေးနှုန်းရှိပြီး အာလူးအသေး(၁) ပိဿာလျှင် ၂၅၀၀ ကျပ် ၊ အလတ်(၁) ပိဿာလျှင် ၃၃၀၀ ကျပ်၊ အကြီး (၁) ပိဿာလျှင် ၄၅၀၀ ကျပ် မှ ၅၀၀၀ ကျပ် အထိဈေးရှိခဲ့ပြီး ယခုလတွင် အသေး(၁) ပိဿာလျှင် ၂၈၀၀ ကျပ် ၊ အလတ်(၁) ပိဿာလျှင် ၃၆၀၀ ကျပ်၊ အကြီး (၁) ပိဿာလျှင် ၄၈၀၀ ကျပ် မှ ၅၃၀၀ ကျပ်အထိဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ချင်းတက်သည် ယခင်လနှင့် ယခုလတွင် ဈေးနှုန်းကွာခြားမှုမရှိဘဲ (၁) ပိဿာလျှင် ၄၈၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိသာရှိကြောင်းသိရပြီး အာလူး၊ ကြက်သွန်နီသည် အချိန် (၁၀) အိတ်လျှင် ဈေးနှုန်းကွာခြားမှုရှိပြီး ကြက်သွန်ဖြူ နှင့်ချင်းတက်သည် (၃) ပိဿာနှင့် အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ရောင်းချသည့် ပွဲရုံများထံမှ သတင်းရရှိပါသည်။
DOCA(ပဲခူး)