
တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ကွမ်းသီးခြံအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ ကျောင်သူများအား သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ အသိပညာပေးဟောပြောပွဲကို (၁၂.၉.၂၀၂၅) ရက်နေ့ နံနက်(၉)နာရီ အချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် တာဝန်ခံရုံးမှ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်၊ ဒု-ဦးစီးမှူးနှင့် ဦးအောင်ဝင်း၊ ဌာနခွဲစာရေးတို့သည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်းကြောင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများကို ဦးစားပေးဖတ်သင့်ကြောင်းနှင့် အွန်လိုင်းဈေးရောင်းချမှုနှင့်ပတ်သက်သည့် သိသင့်သိထိုက် သည့်အချက်များ၊ သတိပြုရမည့်အချက်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။
ထိုဟောပြောပွဲ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ် ခင်မူမူဝင်းက ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုး ကျေးဇူးများအကြောင်း ဖတ်ရှု့ပြသခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၁၇၄) ဦး တက်ရောက်ခဲ့ကြောင်းလည်း သိရပါသည်။
DOCA(ပဲခူး)