Main menu

ပုသိမ်မြို့နယ်အတွင်း တောင်ကြီးဖတ်ဆွတ်မှို(ငှက်စွပ်မှို) ဈေးကွက် အရောင်းအဝယ်သွက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် - မိုးရာသီ၏ ရာသီစာတစ်ခုဖြစ်သော တောင်ကြီး ဖတ်ဆွတ်မှို (ငှက်စွပ်မှို) များ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် အလုံးအရင်း ရောင်းချ လျက်ရှိရာ ဈေးကွက်ဝယ်လိုအား ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ သဘာဝအလျောက် ပေါက်ရောက်သည့် ဤမှိုအမျိုးအစားသည် အရသာထူးခြားနူးညံ့ပြီး အာဟာရဓာတ်ကြွယ်ဝသည့် အတွက် ဒေသခံများကြားတွင် အလွန်နာမည်ကြီးပါသည်။

          ပုသိမ်မြို့နယ်၏ အဓိကဈေးကြီးများဖြစ်သော မြို့မဈေးနှင့် အောင်ဧရာဈေးတို့တွင် ယခုရာသီ၌ ငှက်စွပ်မှိုများ စတင်ရောက်ရှိလာပြီး ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားမှုများ စတင်မြင့်တက်လာကြောင်း သိရပါသည်။ စက်တင်ဘာလ တတိယပတ်တွင် ဈေးနှုန်းများ အနေဖြင့် တစ်ဆယ်ကျပ်သား - ကျပ် ၄၀၀၀၊ တစ်ပိဿာ - ကျပ် ၃၅၀၀၀ မှ ၃၈၀၀၀ (အရည်အသွေးပေါ်မူတည်၍ အနည်းငယ်ကွဲပြားမှုရှိ) မှိုများကို ဒေသအတွင်းမှ ကျေးရွာများမှ ကျေးရွာများမှ လယ်သမား၊ ကျေးရွာသားများမှ ခူးဆွတ်ပြီး ပုသိမ်မြို့အတွင်းရှိ ဈေးများသို့ တင်ပို့ရောင်းချကြခြင်းဖြစ်သည်။ ဈေးကွက်အတွင်း ဤမှိုမျိုးကို ဝယ်ယူသူများမှာ ဒေသခံ စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် အလှူအတန်းများအတွက် ဝယ်ယူကြသူများ ဖြစ်ကြ ပါသည်။ မှိုဟင်းကို ကြော်ချက်၊ ချက်ပြုတ်၊ ဟင်းခါးချက်ရာတွင် အသုံးပြုကြပါသည်။ လတ်ဆတ် သော မှိုများကို ရက်တိုတွင်သာ စားသုံးနိုင်သည့် အတွက် ဈေးသည်များအနေဖြင့် နေ့စဉ် လတ်လတ်ဆတ်ဆတ် ရောင်းချနေကြရကြောင်း သိရပါသည်။

DOCA(ဧရာဝတီ )