Main menu

ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းရှိ ဓမ္မစကူးကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ကျင်းပ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသ ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့ နယ်တာဝန် ခံနှင့် ဝန်ထမ်းသည် (၁၁.၉.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်၊ ဓမ္မစကူးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ () ဦးနှင့် ကျောင်းသား/သူ (၁၂၂) ဦး၊ စုစုပေါင်း(၁၂၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

     အဆိုပါဟောပြောပွဲတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်သန်းက  စားသုံးသူရေးရာဦးစီး ဌာန၏ သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ယခုဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများ အကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံး ရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်တင်မာရီက စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့်ကုန် အညွှန်းအမှတ်အသား အကြောင်းကိုလည်း ကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)