
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပုသိမ်မြို့မဈေး၌ ဒေသထွက်ကုန်များနှင့်အတူ ရာသီပေါ် ဟင်းသီးဟင်းရွက်များဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ခရမ်းသီး၊ ဘူးသီး၊ ရုံးပတီသီးနှင့် ငရုတ်သီးစိမ်းများ အဓိကရောင်းချလျက်ရှိပြီး မြို့သူမြို့သားများ၊ ဈေးသည်များ၊ စားသောက်ဆိုင်နှင့် ဟင်းလျာပြင်ဆင်သည့်ဆိုင်များမှ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
စက်တင်ဘာလ တတိယပတ်အတွင်း ငရုတ်သီးစိမ်း၏ ဈေးနှုန်းမှာ လက်ကား(၁) ပိဿာလျှင် (၃,၀၀၀)ကျပ်မှ (၃,၅၀၀)ကျပ်အထိ၊ လက်လီ(၁)ပိဿာလျှင် (၃,၅၀၀)ကျပ်မှ (၄,၀၀၀)ကျပ်အထိ ရှိကြောင်း၊ အရည်အသွေးကောင်းမွန်ပြီး အသီးကြီးသော ငရုတ်သီးများကို ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရသည်။ အလုံးသေးငယ်ပြီး အရည်အသွေးအနည်းငယ်နိမ့်သည့် ငရုတ်သီးများကိုမူ (၂,၅၀၀)ကျပ်မှ (၃,၀၀၀)ကျပ်အတွင်း ရောင်းချနေကြောင်း သိရသည်။
DOCA(ဧရာဝတီ)