
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် မြန်မာဆန်စပါးအွန်လိုင်း (MYRO)တွင် မှတ်ပုံတင်လုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ စ၍ ဆောင်ရွက်လျက်ရှိရာ ဆန်သိုလှောင်ရုံ (၄၆)လုံး မှတ်ပုံတင်ထားပြီး တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံ(၃၂)လုံးမှာလည်း သက်တမ်း တိုးဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် MYRO မှတ်ပုံတင်ထားသည့် သိုလှောင်ရုံများ၏ ဩဂုတ်လ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း MyRO Website ဖြစ်သော www.myro.com.mm တွင် ဖြည့်သွင်းရန် ဆန်လုပ်ငန်းရှင်များအား ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်အကောင့်များဖြင့် သိုလှောင်ရုံပိုင်ရှင်များသည် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား ဖြည့်သွင်းဆောင်ရွက်ခြင်းရှိ သကဲ့သို့ နည်းပညာ အခက်အခဲရှိသော ဆန်လုပ်ငန်းရှင်များသည် ပခုက္ကူခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ စာရင်းများ ဖြည့်သွင်းခြင်းကို ဌာနမှဝန်ထမ်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ (၃၀.၁.၂၀၂၅)ရက်နေ့တွင် သက်တမ်းတိုး ကျန်ရှိသည့် သိုလှောင်ရုံများအား မှတ်ပုံတင်သက်တမ်းတိုးရန် အသိပေး အကြောင်းကြားထားပြီး ဖြစ်ကြောင်းနှင့် MyRO တွင် သိုလှောင်ရုံ မှတ်ပုံတင်လုပ်ငန်းအပြင် သက်တမ်း တိုးလုပ်ငန်း၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် ဖြည့်သွင်းသည့် လုပ်ငန်းများလည်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)