Main menu

ရေကြည်မြို့နယ်၊ ယိုးဒယားတက်အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအားတွေ့ဆုံ

Powered by Drupal

      စက်တင်ဘာလ (၁၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ယိုးဒယားတက်အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

   ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ပျက်စီးစာသင်ဆောင်များပြန်လည်ပြုပြင်နိုင်ရေးတို့မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်တော့မည်ဖြစ်၍ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး အနည်းဆုံးစုစုပေါင်းရမှတ် (၃၅၀)မှတ်နှင့်အထက် ရရှိသူများအနေဖြင့် ၎င်းတက္ကသိုလ်တွင်  ဆက်လက် ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Co., Ltdမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော  ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက်ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ထူးချွန်ကျောင်းသားများဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်းနှင့် ထူးချွန်သည့် ကျောင်းသားကျောင်းသူများထွက်ပေါ်လာစေရေး ဆရာ၊ မိဘနှင့် အုပ်ချုပ်ရေးအဖွဲ့များ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

   ထို့နောက် ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ၏  ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့်  ဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

DOCA (ဧရာဝတီ)