Main menu

ကျေးလက်ပြည်သူများထံ ဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၆.၉.၂၀၂၅)ရက်နေ့၊နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ကြံခင်း မြို့နယ် အုတ်တွင်းအုပ်စု၊ ကိုးအင်းအုပ်စုနှင့် မြို့မရပ်ကွက်ရှိ အိမ်ထောင်စု များအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် လက်လီဆိုင်များမှ ရောင်းချမှုရှိ/မရှိ ၊ ဈေးနှုန်းမှန်ကန်မှု ရှိ/မရှိ လစဉ်ဆီရရှိမှုအကြိမ်ရေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ကြံခင်းမြို့နယ် ကျေးရွာ/ရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု နှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်း၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ် ရောက်ရှိခြင်း စစ်ဆေးခဲ့ပြီး၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန် ၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့် သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း ၊ ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ပြည်သူများထံ ဖြန့်ဖြူး ရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)