
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးလမ်းညွှန်မှုနှင့် မင်းဘူးခရိုင်တာဝန်ခံ၏ ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၁.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ အလယ်ပိုင်း ရပ်ကွက်ရှိ လုပ်ငန်းရှင်ဦးစိုးမိုးအောင်၏ စိုးမိုးအောင် အမှတ်တံဆိပ်ပဲကြော်လုပ်ငန်းကိုလည်းကောင်း၊ (၁၂.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် အရှေ့ပိုင်းရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးသိန်းထိုက်ဦး၏ လာဒ်ပွင့် အမှတ်တံဆိပ် ဆီကြော်မုန့်လုပ်ငန်းနှင့် အလယ်ပိုင်းရပ်ကွက်ရှိလုပ်ငန်းရှင် ဦးအောင်အောင်၏ စွမ်း အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းကိုလည်းကောင်း သွားရောက်၍ စက်မှုလုပ်ငန်းသုံးဆီများလျှောက်ထားပြီး လုပ်ငန်းသုံး ဆီများထုတ်ယူသုံးစွဲရာတွင် အမှန်တကယ်သုံးစွဲခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေး ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်မှုလုပ်ငန်းသုံးဆီများကို အမှန်တကယ်သုံးစွဲမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ရောင်းချသော ကုန်စည်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ရန်နှင့် လုပ်ငန်းရှင်များ၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
DOCA(မကွေး)