
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၁၂.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပေလေးပင်ခန်းမ၌ ဆရာ/ဆရာမ (၂၀)ဦး၊ ကျောင်း သား/ ကျောင်းသူ(၄၀၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက စားသုံးသူအခွင့်အရေး(၈)ချက်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစား မှူး ဦးအောင်ဖြိုးဝေက လူငယ်နှင့်ခေါင်းဆောင်၊ ဘောလုံး၊ ဘောလီဘော၊ ကြက်တောင် အားကစား နည်းများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအကြောင်းကိုလည်းကောင်း အသိပညာပေးဟော ပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)