Main menu

ရာသီစာ မြစ်ငါးလူး စတင်ဝင်ရောက်

Powered by Drupal

     ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည် များအပြင် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆)နာရီမှ နေ့လည် (၂)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

          ၂၀၂၅ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် ကသာမြို့မှ  မှာယူရောင်းချသည့် မြစ်ငါးလူး ငါးများ  စတင်ဝင်ရောက်လာပြီး ငါးလူး အချို တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးလူးငါးဆားနယ် ဆားတစ်ညသိပ် အငံတစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး၊ဝင်ရောက်လာသော မြစ်ငါးလူးများကို ဈေးအတွင်းရှိ လက်လီ ပျံကျဈေးသည် များကို ဖောက်သည်ပေးသည့်အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်း လှည့်လည် ရောင်းချသော ဈေးသည်များ၊ ရွှေဘိုမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် နေ့စဉ် စားသုံးသူများသို့ လက်လီ/ လက္ကားရောင်းချ လျက်ရှိကြောင်း  အောင်ဇေယျဈေး အတွင်းရှိ အသား/ငါးဒိုင်များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)