ရွှေဘိုခရိုင်အတွင်းတွင် စက်တင်ဘာလ ဒုတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ် နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ စက်တင်ဘာလ ပထမပတ်တွင် ရန်ကုန်သို့ (၆၃၂၉၄)အိတ်၊ မန္တလေးသို့ (၄၅၀၆၇) အိတ်၊ နေပြည်တော်သို့ (၁၇၉၀)အိတ်၊ပဲခူးတိုင်းသို့ (၅၉၃၀)အိတ်၊ မကွေးတိုင်းသို့ (၁၂၂၅)အိတ်၊ ရှမ်း(တောင်)သို့ (၁၅၂၆၈)အိတ်၊ ကချင်ပြည်နယ်သို့ (၅၅၉၀)အိတ်၊ မွန်ပြည်နယ်သို့ (၇၆၄၀)အိတ်၊ ကရင်ပြည်နယ်သို့ (၂၁၇၅)အိတ် ၊မူဆယ်သို့ (၃၁၀)အိတ်၊ ဧရာဝတီသို့( ၁၀၀)အိတ်၊စုစုပေါင်း အိတ်ရေ ၁၄၈၃၈၉တန်အားဖြင့် ၇၄၁၉တန် စီးထွက်ခဲ့ပါသည်။
ယခု စက်တင်ဘာလ ဒုတိယပတ်တွင် ရန်ကုန်သို့ (၅၂၀၂၁)အိတ်၊ မန္တလေးသို့ (၃၅၀၅၄) အိတ်၊ နေပြည်တော်သို့ (၁၂၅၀)အိတ်၊ပဲခူးတိုင်းသို့ (၆၃၄၅)အိတ်၊ မကွေးတိုင်းသို့ (၂၁၈၂)အိတ်၊ ရှမ်း(တောင်)သို့ (၁၅၁၃၃)အိတ်၊ ကချင်ပြည်နယ်သို့ (၅၇၂၀)အိတ်၊ မွန်ပြည်နယ်သို့ (၇၉၂၅)အိတ်၊ ကရင်ပြည်နယ်သို့ (၁၁၁၅)အိတ် ၊မူဆယ်သို့ (၁၈၀)အိတ်၊ ကယားပြည်နယ်သို့ (၃၁၅)အိတ်၊စုစုပေါင်း အိတ်ရေ ၁၂၇၂၄၀တန်အားဖြင့် ၆၃၆၂တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၂၁၁၄၉၊ တန်အားဖြင့် ၁၀၅၇တန် လျော့၍ စီးထွက် ခဲ့ပါသည်။
ရွှေဘိုမြို့၏ စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀ ၊ ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၈00000၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀၊ 747စပါး တင်း 100လျှင် ကျပ်1၄00000 ၊747ဆန် 24ပြည်ပါ တစ်အိတ်လျှင် ကျပ် 58000၊ရွှေဝါထွန်းစပါး တင်း100လျှင် ကျပ်1400000၊ ရွှေဝါထွန်း ဆန် 24 ပြည်ပါတစ်အိတ်လျှင် ကျပ် 63000ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)