Main menu

ဦးနှောက်ကို မြန်ဆန်စွာပျက်စီးစေနိုင်တဲ့ အန္တရာယ်ငါးသွယ်

Powered by Drupal

   သုတေသနပညာရှင်များအနေနဲ့ ၁၆ နှစ်ကြာလုပ်ဆောင်ထားတဲ့ သုတေ သနတစ်ခု အရဆိုရင် သွေးတိုး ခြင်းအပါအဝင် အခြားသော ကျန်းမာရေးအန္တရာယ်ငါးခု က ဦးနှောက်ကို မြန်ဆန်စွာ ပျက်စီးစေနိုင်တယ်လို့ဆိုပါတယ်။ အခုသုတေသနကို တရုတ်ပညာရှင်များက လုပ်ထားတာပါ။ ဦးနှောက်ကိုမြန်ဆန်စွာပျက်စီးစေနိုင်တဲ့အန္တရာယ်ငါးသွယ်ထဲမှာ ပါဝင်တာ တွေက သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်မားခြင်း၊ ခရီတီနိုင်းပမာဏ မြင့်မားခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ပညာရည် နိမ့်ပါးခြင်းတို့ဖြစ်ပါတယ်။

       အဲဒီထဲမှာ သွေးတိုးခြင်းက ဦးနှောက်ပျက်စီးခြင်းကို အဖြစ်စေ နိုင်ဆုံးသော အကြောင်း ရင်း ဖြစ်တယ်လို့ ပညာရှင်များ ကပြောပါတယ်။ ဒီလိုအကြောင်းရင်းငါးချက်မဖြစ်အောင် ရှောင်ရှားမယ်ဆိုရင် ဦးနှောက်ကျန်းမာရေးကိုကောင်းစေနိုင် ကြောင်းပညာရှင်များက ပြောထား ပါတယ်။    

DOCA (ဧရာဝတီ)