Main menu

ပန်းတနော်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊   ကျောင်းသူ များ  ဗလ ငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဇူလိုင်လ ၂၁ ရက်တွင် အမှတ် (၂)အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပသည်။

          အဆိုပါ လူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးကိုကိုမောင်က  ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတများ  ပြည့်စုံ ကြွယ်ဝပြီး ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို ယူကြမည့် လူငယ်များ အလုပ်အကိုင်၊ အတွေးအခေါ်၊ အယူအဆများ မှန်ကန်စေရန် ရည်ရွယ် ချက်များကို ပြောကြားပြီး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ  ဆရာဦးလင်း မောင်မောင်ထွန်းက   စာဖတ်ခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

                ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ  ပန်းတနော်မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန  ဦးစီးအရာရှိ   ဦးကိုကိုမောင်က  ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း Grade-11မှ မောင်သက်ပိုင်စိုး ၊ မောင်ငြိမ်းချမ်း၊ Grade-10မှ မဝင်းပပ၊ မဆုပြည့်အိမ်တို့က လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်၊ လူငယ်နှင့်ကိုယ် ကျင့်တရား၊    လူငယ်နှင့်စာရိတ္တ  ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက  သိရှိလိုသည်များကို မေးမြန်းရာ  ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးသည်။

          ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်း ပြသ ထားသော သုတ၊ ရသစာအုပ် များ နှင့်  မူးယစ်ဆေးဝါး အန္တရာယ်၊ လူကုန်ကူးမှု အန္တရာယ်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

DOCA (ဧရာဝတီ)