
စားသုံးသူရေးရာဦးစီးဌာနမှ ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၆) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မြို့မ(၅) ရပ်ကွက်၊ ရွှေတစ်စုပ် လမ်းရှိ MPT အင်တာနက် ဝန်ဆောင်မှုရုံးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက MPT ရုံးမှ တာဝန်ခံ ဒေါ်သန်းသန်းဦး အား ထုတ်ကုန်အနေဖြင့် MPT ဆင်းကဒ်မှာ (၁၅၀၀) ဘောနပ် (၁၀၀၀) ၊နိုင်ငံ အခွန် (၂၀၀၀၀)၊ စုစုပေါင်း (၂၂၅၀၀) ကျပ်ပေးရမည်ဖြစ်ပြီး ဝန်ဆောင်မှု ကဏ္ဍ အနေဖြင့် Wifi (wtth) မှ (15 Mbps) ၃၂၀၀၀ ကျပ်၊ (22 Mbps) ၄၀၀၀၀ ကျပ် ၊ (30 Mbps) ၅၄၀၀၀ ကျပ်၊ (60Mbps) ၁၀၀၀၀၀ ကျပ်နှင့် (110Mbps) ၁၃၅၀၀၀ ကျပ် တို့အား လစဉ်ပေးဆောင်ရပါသည်။ တာဝန်ခံမှ ဝန်ဆောင်မှုနှင့် ပက်သက်၍ လိုင်းပြတ်တောက်ချို့ယွင်းမှုရှိပါက ဖုန်းဆက်လျှင် ချက်ချင်းဆောင်ရွက်ပေးကြောင်း MPT အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့မှုအရ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)