
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် ကျိုက်လတ်မြို့နယ် ၊ အမှတ်(၃) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီး ဌာနရုံးတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၅) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် စားအုန်းဆီ လုပ်ငန်းရှင်များ အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက် ရန် အချက်များကို ဆွေးနွေးခဲ့ပြီး ၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များတွင် စားအုန်းဆီ ရောင်းချနေသော လုပ်ငန်းရှင်များ အနေဖြင့် ကုန်စုံဆိုင်များတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေး များနှင့် ရက်စွဲများချိတ်ဆွဲရောင်းချပေးရန် ၊ စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံ လိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင် ရွက်ကြရန် ၊ ဌာနအနေ ဖြင့်လည်း ကွင်းဆင်းစိစစ်ကြပ်မတ်သွားမည် ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး စားအုန်းဆီ လုပ်ငန်းရှင် (၃၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)