Main menu

ဓနုဖြူမြို့နယ်တွင် ဓါတ်မြေဩဇာများ သက်သာသော ဈေးဖြင့် တောင်သူများအား ရောင်းချ

Powered by Drupal

  မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ (၁၆-၉-၂၀၂၅) ရက်နေ့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓါတ်မြေဩဇာများ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးခြင်း လုပ်ငန်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

   ပေးအပ်ပွဲကို ဓနုဖြူမြို့နယ် မှ ကျေးရွာအုပ်စု ၆၂အုပ်စုမှ ကျေးရွာ တောင်သူ (၈၉၂) ဦးအား ကွန်ပေါင်း ၁၅ ပတ်လည် (၁) အိတ်နှင့် ယူရီးယား (၁) အိတ်၊ တစ်ဧက (၂) အိတ်နှုန်းဖြင့် ဧက (၈၉၀) ဧကအတွက် (၁၇၈၀) အိတ်အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာ ကော်မတီတို့ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ကွန်ပေါင်း (၁၅) ပတ်လည် (၁) အိတ် (၁၁၅၀၀၀) ကျပ်ဖြင့် ယူရီးယား (၁) အိတ် (၈၉၅၀၀) ကျပ်ဖြင့် ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)