
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် စပါးစိုက်ပျိုးတောင်သူများအနေဖြင့် လက်ရှိမိုးစပါးရိတ်သိမ်းချိန် စပါးဈေးနှုန်းတည်ငြိမ်နေပြီး နွေစပါးစိုက်ပျိုးရေရရှိပါက လျာထား ဧကထက်ပိုမို စိုက်ပျိုးလာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကသိရသည်။
ပန်းတနော်မြို့နယ်၊ ခတ္တိယကျေးရွာတွင် မိုးစပါးဈေးနှုန်းသည် လက်ရှိအနေထားတွင် သွင်းအားစု ကုန်ကျစရိတ်များရှိသော်လည်းဒေသပေါက်ဈေး၊ အနည်းကျဆင်းနေကြောင်း၊ လက်ရှိစပါးပေါက်ဈေးမှာ မနောသုခ စပါးတင်း (၁၀၀) လျှင် ( ၉၅၀၀၀၀) သိန်းဝန်ကျင်ရှိကြောင်း သိရသည်။ မိုးစပါးကိုတောင်သူ များမှ (၁၄၁၂၄၄)ဧကစိုက်ပျိုးခဲ့ကြ၍ စပါးအထွက်နှုန်းအနေဖြင့် ပျှမ်းမျှ တစ်ဧက (၆၀) တင်းဝန်းကျင်ထွက်ရှိခဲ့ကြောင်း၊ စိုက်ပျိုးရေရရှိပါက ယခုနှစ်နွေစပါးကိုလျာထား ဧကထက်ပိုမိုစိုက်ပျိုးလာနိုင်ကြောင်းသိရသည်။
DOCA(ဧရာဝတီ)