Main menu

အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများအားဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန ၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်(၁၅.၉.၂၀၂၅) ရက်နေ့ ၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အင်္ဂပူမြို့နယ်ကွင်းကောက်မြို့အတွင်း ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် လက်လီကိုယ်စားလှယ်မှ ဆီရောင်းချမူကို ဈေးနူန်းမှန်ကန်စွာရောင်းချမူရှိ/မရှိ၊ အလေးချိန်မှန်ကန်မူရှိ/မရှိ၊ အိမ်ထောင်စုများဆီရရှိမူအခြေအနေအားကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြန်အောင်မြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှု ရှိ/မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ် ကယ် ရောက်ရှိခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆီအရောင်း စာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး၊ ဆီစာအုပ်ဖြင့် ရောင်းချထားမှု အခြေအနေများအား ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမှု အခြေအနေများအား မေးမြန်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)