Main menu

တရုတ်နိုင်ငံ လျှပ်စစ်ကားထုတ်လုပ်သည့် Xpeng ကုမ္ပဏီသည် အစ္စရေးနိုင်ငံတွင် မြန်နှုန်းမြင့် အားသွင်းကွန်ယက် စတင်မိတ်ဆက်

Powered by Drupal

   တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော Xpeng ကုမ္ပဏီသည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် မြန်နှုန်းမြအားသွင်းကွန်ယက်ကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ ကွန်ယက်ကို အဓိကမြို့တော် Rishon LeZion တွင် အစ္စရေးနိုင်ငံမှ Xpeng တရားဝင်ကားတင်သွင်းသူနှင့်အတူ မိတ်ဆက်ခဲ့ပြီး Xpeng မှ ဥက္ကဌ He Xiaopeng နှင့် အစ္စရေးနိုင်ငံ စွမ်းအင်ဦးစီးဌာနမှ ဝန်ကြီး Eli Cohen တို့က တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ မြန်နှုန်းမြင့်ကွန်ယက်များကို တရုတ်နိုင်ငံ လျှပ်စစ်တည်ဆောက်ရေး ထိပ်သီး ကုမ္ပဏီ ဖြစ်သည့် Star Charge မှ ထုတ်လုပ်သော စွမ်းအင်မြင့်အားသွင်းစက်များဖြင့် တပ်ဆင်ထား ကြောင်း သိရပါသည်။ အဆိုပါ အားသွင်းရုံများတွင် စွမ်းအင်လိုသလိုအသုံးပြုနိုင်သော အဆင့်မြင့် နည်းပညာများကို အသုံးပြုထားပြီး မော်တော်ယာဥ်လိုအပ်ချက်များနှင့် အားသွင်းနိုင်စွမ်းကြား တိကျသောချိန်ညှိမှုများကိုပါ ပြုလုပ်နိုင်ကြောင်း သိရပါသည်။ အဆိုပါ အားသွင်းရုံများတွင် လျှပ်စစ်ကားအားလုံးဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်ပြီး အားသွင်းရာတွင်လည်း ဘက်ထရီ၏ ၁၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိသွင်းရန် မိနစ် ၂၀ အောက်သာ ကြာမြင့်မည်ဖြစ်ကြောင်း သိရပါ သည်။ Xpeng ကုမ္ပဏီသည် လက်ရှိတွင် အစ္စရေးနိုင်ငံ၌ mid-size SUVs ကားများဖြစ်သော G6 နှင့် G9 မော်ဒယ်များနှင့် Sedan P7 မော်ဒယ်များကို စတင်မိတ်ဆက်ရန် ကမ်းလှန်းနေကြောင်း သိရပါသည်။ ဇန်နဝါရီလမှ သြဂုတ်လအတွင်းတွင် Xpeng ကုမ္ပဏီသည် အစ္စရေးနိုင်ငံ လျှပ်စစ်ကား ရောင်းချမှုအဆင့်တွင် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီး ကားပေါင်း ၅၀၇၆ စီးခန့် ရောင်းချပြီးဖြစ်ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)