Main menu

ရွှေဘိုမြို့တွင် စက်တင်ဘာလ ဒုတိယပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

       မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀၈၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၇၀၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၃၁၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

     ယခု ၂၀၂၅ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀၆၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၃၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၇၂၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၃၁၅)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး၊  ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၁၅)ကျပ်နှင့်  ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင်(၅)ကျပ် ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)