
၁၂.၉.၂၅ ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပုသိမ်မြို့၊ မုံရွာ-ရေဦး လမ်းမကြီးရှိ ရွှေမြင်း ပုသိမ်ဟာလဝါ လုပ်ငန်းအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တစ်နေ့ ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေ၊ ရင်းနှီးမြှပ်နှံမှု ပမာဏ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA)ဧရာဝတီ