
၁၂.၉.၂၅ ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပုသိမ်မြို့၊ ဘွက်ကြီးတန်းလမ်းရှိ ဒေါ်ကျင်မြ ဝက်အူချောင်းလုပ်ငန်းအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်မရောက်မီ ဝက်အူချောင်း ထုတ်လုပ်ရာ တွင် သန့်ရှင်းမှုရှိ/မရှိ၊ ဝက်အူချောင်းပြုလုပ်ရာတွင် ပလပ်စတစ်အူ အသုံးပြုမှု ရှိ/မရှိ နှင့် ဈေးနှုန်း ဈေးကွက်အခြေအနေများ၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေများနှင့် တစ်နေ့ ထုတ်လုပ်နိုင်မှုများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA)ဧရာဝတီ