
(၇.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာ-တရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်း၍ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး အသင်းမှ ကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ရတနာ ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်အဖွဲ့များ၊ စစ်ကိုင်းခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဌ၊ စစ်ကိုင်းခရိုင် / မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယာယီတာဝန်ခံ မစ္စချောင်းကျင့် (Ms Cao Ping)မှ အမှာစကား ပြောကြားခြင်း၊ မြန်မာတရုတ်ကုမ္ပဏီများ အသင်းဥက္ကဌမစ္စတာ လျိုမင်း(Mr Liu Ming)မှ လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မှတ်တမ်းဓာတ်ပုံရိုကူးခြင်းနှင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)