
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမူးနှင့်ဝန်ထမ်းများသည် (၁၄.၉.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတွင် အသုံးပြုလျက်ရှိသော ဆီလိုအပ်ချက်များ တင်ပြရာတွင် မိမိတို့ အမှန်တစ်ကယ်သုံးစွဲနေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြ လျှောက်ထားရန်၊ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်များနှင့် အခွန်ပေးဆောင်မှု အထောက်အထားများထားရှိစေရေး၊ မိမိတို့ လုပ်ငန်းအတွက်သာ သုံးစွဲရန်လိုအပ်ကြောင်း၊ ပြင်ပရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော် က လုပ်ငန်းရှင် တစ်ဦးချင်း မိမိတို့နေ့စဉ်သုံးစွဲလျက်ရှိသော ဆီလိုအပ်ချက်စာရင်းများအားမေးမြန်းခဲ့ပြီး စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များ မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း၊ လုပ်ငန်းရှင်(၅၅)ဦးတက်ရောက်ခဲ့ပြီး အစည်း အဝေးကို နေ့လည်(၁၃:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)