
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးများ စတင်ပေါ် ထွက်နေပြီ ဖြစ်ပါသည်။ ဗုံလုံသီးသည် သခွားသီး၊ ဗူး၊ ဖရုံတို့လို အနွယ်ပင်ဖြစ်၍ မိုးရာသီတွင် ထွက်ပေါ်လေ့ရှိသော အသီးတစ်မျိုးဖြစ်သည်။ မြိတ်မြို့အနီးတဝိုက်ခြံများတွင် စိုက်ပျိုးကြပြီး နီးစပ် ရာဈေးများတွင် လာရောက်ရောင်းချကြပါသည်။ ထိုအသီးသည် အပေါ်ယံအလွှာကို ဓားနှင့်ခြစ်၍ အရွယ်တော်အတုံးလေးများတုံးကာ အလယ်အူတိုင်ကိုထုတ်ပြီး ချက်စားရသော အသီးတစ်မျိုး ဖြစ်သည်။ ဗုံလုံသီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များပါသဖြင့် စားသောက်ပေးသင့်သော အသီး တစ်မျိုးလည်းဖြစ်သည်။ ဗုံလုံသီးကို ကြက်သား(သို့)ပုစွန်ခြောက်ကို ထောင်းပြီး အစာသွပ်ချက် စားလျှင် အလွန်ပင်ကောင်းသည့် ဟင်းလျာတစ်မျိုးဖြစ်သည်။
ယခု၂၀၅ခုနှစ်၊စက်တင်ဘာလတတိယပတ်တွင် မြိတ်မြို့ဈေးကြီးများနှင့်တခြားသောဈေး များတွင် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးတစ်လုံးလျှင် (၁၂၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)