
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ဆန်လိုအပ်မှုအတွက် မြိတ်ခရိုင်ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်များအသင်းသည် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်များမှာယူလျက်ရှိပြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ MS ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ဆန်တန်(၁၄၀)၊ အိတ်ရေ (၂၈၀၀) ကို (၁၁.၉.၂၀၂၅)ရက်နေ့တွင် ဝယ်ယူလာ၍(၁၅.၉.၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ ကြောင်းသိရှိရပါသည်။
အဆိုပါ ဆန်အိတ်သယ်ဆောင်လာသောရေယာဉ်ကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)