Main menu

ဘိုကလေးမြို့နယ် ပြန်/ဆက် ဦးစီးဌာနရုံး၌ စာဖတ်သူ ပြည်သူများအား Online Sale နှင့် ပက်သက်၍ အသိပညာပေးဟောပြော

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြန်/ဆက်ရုံးရှိ စာဖတ်သူပြည်သူ(၈)ဦးအား Online Sale နှင့် ပက်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။

          Online Sale စနစ်ရောင်းချခြင်းဆိုသည်မှာ လူမှုကွန်ယက် ဆိုရှယ်မီဒီယာများဖြစ်သော Facebook ၊ Viber ၊ Tiktok စသည်တို့မှ လူသုံးကုန်ပစ္စည်းများဖြစ်သော အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန်လုပ်ငန်းများကို အင်တာနက်စနစ်ဖြင့် ရောင်းချလုပ်ကိုင်ခြင်းကိုဆိုလိုသည်။ ထိုသို့ ရောင်းချရာတွင် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် သက်ဆိုင်ရာဦးစီးဌာနမှ သတ်မှတ်ထား သောလျှောက်လွှာပုံစံတွင် Online Sale စနစ်ဖြင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရောင်းချရမည်ဖြစ် ပါသည်။ မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပြီး အသက်(၁၈) နှစ်ပြည့်ပြီးသူ၊ ရောင်းချမည့် လုပ်ငန်းနေရာကို တင်ပြနိုင်ရပါမည် အဆိုပါမှတ်ပုံတင်လက်မှတ်ရှိထားပါ ကစားသုံးသူ၏တိုင်ကြားမှုတွင် ဥပဒေအရ ကာကွယ်ခုပိုင်ခွင့်ရှိပြီး ကုန်စည်(သို့)ဝန်ဆောင်မှုကိုရောင်းချရာတွင် သဘောတူညီချက်၊ တန်ဖိုးတို့နှင့်အညီ ပေးချေမှုကို လက်ခံရယူပိုင်ခွင့်ရှိခြင်း၊ တရားဝင်လွတ်လပ်စွာ အရောင်းအဝယ်ပြုနိုင်ခြင်းစသည့် အားသာချက်များရှိကြောင်း စာဖတ်သူပြည်သူများအား အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)