
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ(၁၀)ရက် နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့(၆)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့ (၆)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ ညွှန်ကြားချက်ပါအတိုင်း စည်းမျဉ်းစည်းကမ်းများ၊ ရည်ညွှန်းဈေးနှုန်းအတိုင်း ဆိုင်းဘုတ်တင် ချိတ်ဆွဲရောင်းချနေကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)