Main menu

ကမ္ဘောဒီးယား-တရုတ် ကုန်သွယ်ရေးတွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိ

Powered by Drupal

         ကမ္ဘောဒီးယားနှင့် တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်တွင် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး ၎င်း၏အကြီးဆုံးကုန်သွယ်ဖက်အပေါ်တွင် နိုင်ငံတော်၏ ကြီးထွားလာနေသော စီးပွားရေးမှီခိုအားထားမှုသည် ပြည်တွင်းစက်မှုစွမ်းရည် ပိုမိုလိုအပ်ကြောင်း မီးမောင်းထိုးပြနေသည်။ အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာ (GDCE) ၏ အစီရင်ခံစာအရ နှစ်နိုင်ငံအကြား စုစုပေါင်းကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ပထမ (၇) လတွင် ကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိလာခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား ပို့ကုန်သည် ၈.၉ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း တရုတ်နိုင်ငံမှ တင်သွင်းမှုသည် ၃၀.၅ ရာခိုင်နှုန်း (၁၀.၁၁ ဘီလီယံ) အထိ မြင့်တက်လာကာ တရုတ်နိုင်ငံ၏ စက်ယန္တရား၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေး ပစ္စည်းများနှင့် ကုန်ကြမ်းသွင်းအားစုများ ပြည်တွင်းကုန်ထုတ်လုပ်မှုအပေါ် မှီခိုနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။  ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့မှု တွင် ဆက်လက်တိုးတက်မှုများသည် ယခုနှစ်လက်ကျန်တွင် ကုန်သွယ်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်မည်ဟု တာဝန်ရှိသူများက မျှော်မှန်းထားသည်။  ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်နှင့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်တို့ အားကောင်းလာကာ ကမ္ဘောဒီးယား-တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယား၏ ချစ်ကြည်ရင်းနှီးမှုကိုလည်း ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) ၏ ဒုတိယဥက္ကဌ Lim Heng က သဘောတူညီချက်များသည် အာဆီယံနှင့် RCEP စျေးကွက်များသို့ တင်ပို့လိုသည့် တရုတ်ကုမ္ပဏီများအတွက် ကမ္ဘောဒီးယားကို ဆွဲဆောင်မှုရှိသော အခြေခံတစ်ခု ဖြစ်လာစေကြောင်း ပြောကြားခဲ့ပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)