Main menu

ကမ္ဘောဒီးယားနှင့် နယ်နိမိတ်ပြန်ဖွင့်ဖို့ ဂျပန်ရင်းနှီးမြှုပ်နှံများ ထိုင်းအစိုးရအား တိုက်တွန်း

Powered by Drupal

          ထိုင်းနိုင်ငံအတွင်း ပြတ်တောက်နေသည့် ထောက်ပံ့ရေးကွင်းဆက်များနှင့် ဒေသတွင်း ကုန်သွယ်မှုစီးဆင်းမှုအပေါ် စိုးရိမ်မှုများကိုဖော်ပြကာ ထိုင်းနိုင်ငံမှ ဂျပန်ရင်းနှီးမြှုပ်နှံသူများက ကုန်စည်ပို့ဆောင်မှုအတွက် ကမ္ဘောဒီးယားနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရန် ထိုင်းတော်ဝင်အစိုးရ (RTG) ကို ၁၀-၉-၂၀၂၅ ရက်နေ့က တောင်းဆိုခဲ့ကြသည်။ ဘန်ကောက်ရှိ Pheu ထိုင်းအစိုးရ၏ နောက်ဆုံးအစည်းအဝေးတွင် ဂျပန်ရင်းနှီးမြှုပ်နှံသူများ၏ တောင်းဆိုမှုကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။  ဆွေးနွေးမှုအတွင်း ဂျပန်ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယားနှင့် နယ်နိမိတ်စစ်ဆေးရေးဂိတ်များကို ဆက်လက်ပိတ်ထားခြင်းသည် ကုန်စည်တင်ပို့မှုနှင့် ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်များ၏ ထိရောက်မှုကို ထိခိုက်စေကြောင်း အလေးပေးဖော်ပြခဲ့သည်။ ထို့အပြင် ထိုင်းနှင့်ကမ္ဘောဒီးယားတွင် လည်ပတ်နေသော ဂျပန်ကုမ္ပဏီများသည် စိုက်ပျိုးရေးသုံး ကုန်ပစ္စည်းများမှ လျှပ်စစ်နှင့် မော်တော်ယာဉ် အစိတ်အပိုင်းများအထိ ထုတ်ကုန်များအတွက် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးကို အချိန်မီ မှီခိုနေရကြောင်း ရင်းနှီးမြှုပ်နှံသူများက အလေးပေး ပြောကြားခဲ့သည်။ အနှောင့်အယှက်များကြောင့် လုပ်ငန်းလည်ပတ်မှုစရိတ်များ တိုးလာခြင်း၊ ပို့ဆောင်မှုနှောင့်နှေးခြင်းနှင့် တည်ငြိမ်သော ထောက်ပံ့ပို့ဆောင်ရေးစင်္ကြံများကို မှီခိုနေရသော ရင်းနှီးမြှုပ်နှံသူများအတွက် မသေချာ မရေရာမှုများ ဖြစ်စေကြောင်း ၎င်းတို့က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)