
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၁.၉.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ် (၉၂) ၊ ပြည်လမ်း၊ တပ်ကြီးကုန်းကျေးရွာရှိ ရွှေသုန်နဒီအိမ်ဆောက်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောပွဲဆောင်ရွက်ရာတွင် “ရွှေသုန်နဒီ” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင် ဦးကျော်စွာလင်းနှင့်တွေ့ဆုံကာ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း (၁၁) ပါ ကုန်စည် နှင့် စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကိုလည်းကောင်း ဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ဆောင်မှုများကို Call Center (1535) သို့ ခေါ်ဆို၍ သိလိုသည်များ မေးမြန်းနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)