Main menu

“ဈေးကွက်အတွင်းဆေးဝါးများ၏ ဖြစ်ပေါ်နေသောဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဆေးဝါးများ၏ ဖြစ်ပေါ်နေသော ဈေးနှုန်းအခြေအနေအား စက်တင်ဘာလ (၁၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာခဲ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်း၍ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆေးဆိုင်များတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးတို့အတွက် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းများအား စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဆေးဝါးများ၏ ဈေးနှုန်းများ အဆမတန် မြှင့်တင်ဖြန့်ဖြူးရောင်းချနေခြင်းရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ၊ အစားအသောက်များနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော ဆေးဝါးများရောင်းချနေခြင်းရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး ဆေးဝါးများ၏ဈေးနှုန်း ယခင်လ၊ ယခုလ ဈေးနှုန်းကွာခြားမှု အခြေအနေအား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)