Main menu

“ သုံးခွမြို့နယ်တွင်အ.ထ.မြို့မကျောင်းတွင်ကျောင်းမုန့်ဈေးတန်းစစ်ဆေး ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အမှတ်(၉)ရပ်ကွက်၊ အ.ထ.က မြို့မ ကျောင်းတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား  စက်တင်ဘာလ (၁၁)ရက်နေ့၊ နေ့လယ်(၁၂:၁၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့မကျောင်းမှ ဆရာမများပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရှိ ဒေါ်သန်းဝင်းနှင့် မဖြူဆိုင်များတွင် ရောင်းချလျက်ရှိသည့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ထို့အပြင် ကျောင်းသား/ ကျောင်းသူ ကလေးသူငယ်များ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များအား ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် စားသောက်ကုန်များအား ရောင်းချမှုမပြုလုပ်ကြရန် အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)