Main menu

“ သုံးခွမြို့နယ်တွင်အ.ထ.မြို့မကျောင်းတွင်စားသုံးသူအသိပညာပေးဟောပြော ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်သည် စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၉)ရပ်ကွက်ရှိ အ.ထ.က မြို့မကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာအသိပညာပေး  ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်က ဌာန၏ဆောင်ရွက်လုပ်ကိုင်နေရသော လုပ်ငန်းများအကြောင်း၊ စားသုံးသူပြည်သူများအား ကာကွယ်ပေးရသည့် ဥပဒေလိုအပ်ရသည်အကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားခြင်း၊ ကုန်စည်များအား ရွေးချယ်ဝယ်ယူတတ်စေရေး အသိပညာပေးခြင်း အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးမှ စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် သုတ၊ရသစာပေများအကြောင်း၊ မြို့နယ်အားကစားမှူး ဦးခုပ်စွမ်းခိုင်မှ လူငယ်နှင့်အားကစား လှုပ်ရှားမှုများအကြောင်း အသိပညာပေးခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၂၈)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၂၅၀)ဦး စုစုပေါင်း (၈၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားအပြီးတွင် ကျောင်းမုန့်ဈေးတန်းအား ဆက်လက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)