
ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင်Top One သုံးထောင့် မုန့်လုပ်ငန်း သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
မြို့နယ်တာဝန်ခံက Top One သုံးထောင့်မုန့်ထုတ်လုပ်မှုနှင့်ပတ်သက်၍ပါဝင်ပစ္စည်း ဈေး ကွက် အတွင်းရောင်းဝယ်ဖြန့်ဖြူးမှုအခြေအနေ၊လုပ်သားအင်အားအသုံးပြုထားမှု၊ တစ်နေ့ထုတ် လုပ်နိုင်မှုအခြေအနေ၊ထုတ်လုပ်သော ကုန်စည်နှင့် ပတ်သက်၍ စားသူဘေးအန္တရာယ်ကင်းရှင်းစေ ရေးအတွက် ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များနှင့် ထုတ်လုပ်သည့်ရက်စွဲ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကိုပါထည့်သွင်း ဖော်ပြထားရှိရန် ပြောကြားခဲ့ကြောင်း ကွင်းဆင်းစိစစ်မှုအရ သတင်း ရရှိပါသည်။
DOCA(ဧရာဝတီ)