
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ အင်တာနက် မိုဘိုင်းဆိုင်(၂)ဆိုင်တွင် ရောင်းချ နေသော Router ၊ Canal+ ဒေတာပလန်စ သည့်များအားဈေးကွက်စောင့်ကြည့်ကွင်းဆင်း စိစစ်ခဲ့ကြ ပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင် မြေအောက်ကေဘယ်ဆက်သွယ်ရေးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ဆိုင်ရှင်များက လိုင်းမရ ပါက ပြန်လည်လဲလှယ်ပေးခြင်း၊ ငွေပေးသွင်းမှုအား ဆောင်ရွက်ပေးခြင်းစသည့် ဝန်ဆာင်မှုများ ပြန်လည်ပေးဆောင်ခဲ့ကြောင်းနှင့် မြို့နယ်တာဝန်ခံက အခန်း(၁၁) ပုဒ်မ (၂၄) အရ စားသုံးသူ တောင်းဆိုနိုင်သော အခွင့်အရေးများ ပျက်ကွက်ပါက စီမံခန့်ခွဲရေးနည်း လမ်းအရ အရေးယူခြင်းကို အခန်း(၂၀) ပုဒ်မ(၅၂)အရ ဆောင်ရွက်မည်ဖြစ်ကြောင်းကို ဆိုင်ရှင်အား ရှင်းလင်းပြောကြားခဲ့ ကြောင်းသတင်းရရှိခဲ့ပါသည်။
DOCA(ဧရာဝတီ)