
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ၁၄-၉-၂၀၂၅ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် (အမှတ်-၄) အခြေခံပညာအလယ်တန်းကျောင်း ကျောင်းမုန့် ဈေးတန်း သို့ ရှောင်တခင်သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရောင်းချသူများအား ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိသော ကုန်စည်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ကြပြီး စတင်ထုတ်လုပ်သည့်ရက်စွဲ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ မပါသော မုန့်များအား ရောင်းချခြင်းမပြုရန်၊ Mask တပ်ဆင်ကြရန်၊ လက်အိတ်များ ဝတ်ဆင်ကြရန် အစားအသောက်များအား အဖုံးအအုပ်များ ဖုံးအုပ်ထားရှိရန် တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ဆောင်ရွက်ကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ အချက်များအား ပြည့်စုံစွာ အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရသည်။
DOCA(ဧရာဝတီ)