
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ပန်းတနော်မြို့နယ် တာဝန်ခံတို့သည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများအား (၁၂-၉-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစာရေးများကို စားအုန်းဆီထုတ်ယူခွင့် စာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျေးရွာနေပြည်သူများ စားအုန်းဆီဝယ်ယူခွင့် ရရှိစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မအူပင်ခရိုင်ဦးစီးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ ကျေးရွာများအလိုက် စားအုန်းဆီ ထုတ်ယူခွင့် စာအုပ်များကို အိမ်ထောင်စုအလိုက် စနစ်တကျပေးအပ်ရန်၊ ရောင်းချပေးသော ဆီစျေးနှုန်များကို မှန်ကန်စွာရောင်းချပေးရန်၊ စားသုံးသူများ ဝယ်ယူသည့်အခါ အခက်အခဲ မရှိစေရေး သတ်မှတ်စည်ကမ်းများကို သိရှိနားလည်နိုင်ရေး အသိပေးပြောကြားပြီး ပြည်သူလက်ဝယ်သတ်မှတ်ဆီများ ရောက်ရှိစေရေး စနစ်တကျရောင်းချပေးရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)